Myanmar Unicode Dictionary Software နဲ့ ဇော်ဂျီနဲ့ မြန်မာလိုနာမည်ပေးထားမိတဲ့ ဖိုင်တွေကို ယူနီကုဒ်ပြောင်းနည်း

(Myanmar Unicode Dictionary Software အားရယူရန်)

မိမိပြောင်းလိုသောဖိုင်များကို အင်္ဂလိပ်လိုနာမည်ပေးထားသေား ဖိုလ်ဒါတစ်ခုအတွင်းသို့ ထည့်ထားပါ

1

ထိုနောက် Myanmar Unicode Dicitonary  Software ကိုဖွင့်ပါ

2

အခြားကိစ္စ ပေါ်ကိုနှိပ်၍ ဖိုင်နာမည်ပြောင်းပေးသူ ထဲကိုဝင်ပါ

3

ထိုနောက် ဖွင့်ရန်နှိပ် မှတဆင့် မိမိပြောင်းလိုတဲ့ ဖိုင်တွေကိုရွှေးပေးလိုက်ပြီး အကုန်ရွှေးကာ Open ကိုနှိပ်လိုက်ပါ

5

ထိုအခါ အထက်ပါပုံအတိုင်ဖြစ်သွားပေမည် ထို့နောက် အားလုံးရွေး ကိုနှိပ်ပါ ပြီးလျှင် ကူးမည် ကိုနှိပ်ပါ

6

ထို့နောက် အခြားကိစ္စ ပေါ်ကိုနှိပ်၍ ကနောင်ကွန်ဗာတာ ကိုဖွင့်ပါ

ပွင့်လာပါက ကူးလာသည်များကို ကနောင်ကွန်ဗာတာအတွင်း Paste လုပ်၍ ဇော်ဂျီမှ မြန်မာ၃ သို့ပြောင်းပါ

ပြောင်းပြီးပါက ပြောင်းထားသည့်စာများအား Select All ဖြင့် ကူးယူပါ

7

 

8

ဖိုင်နာမည်ပြောင်းသူ ပေါ်သွား၍ ကူးပြီးချမည် ကိုနှိပ်လိုက်ပါ

9

ထို့နောက် သိမ်းမည် ကိုနှိပ်လိုက်ပါက မိတ်ဆွေ၏ ဖိုင်များအား ယူနီကုဒ်သို့ပြောင်းခြင်း အောင်မြင်စွာပြီးဆုံးသွားပါပြီ

10

**မှတ်ချက်။      ။ မည့်သည့်ဖိုင်အမျိုးအစားမဆို နာမည် ပြောင်းပေးနိုင်ပါသည်။ သို့သော်ဖိုင်ထည့်ထားသည် ဖိုလ်ဒါသည် မြန်မာလိုဖြစ်နေပါက ပြောင်းမပေးနိုင်ပါ။ Software အလုပ်လုပ်နှိုင်ရန် .net frame 3.5 and 4 လိုအပ်ပါသည်။ ( .net frame အား Microsoft web page တွင် အခမဲ့ရယူနိုင်ပါသည်)

Unicode Help

This guide is provided “as is”, without warranty of any kind, express or implied.
We shall not liable for any damage incurred due to this guide.
The methods may or may not work.
Try at your own risk.

Q. iOS မှာ မြန်မာယူနီကုဒ် သုံးချင်လို့။ ဇော်ဂျီလည်း ဖတ်ချင်သေးတယ်။ နှစ်မျိုးလုံး ဖတ်လို့ သုံးလို့ရအောင် လုပ်လို့မရဘူးလား။
A. ဒီမှာ ကွီးနေဇာအပြည့်အစုံပြောပေးထားတယ်။

Q. iOS မှာ မြန်မာယူနီကုဒ်စစ်စစ် ပဲသုံးချင်တယ်။ fb မှာ ဇော်ဂျီပါလာရင်လည်း ဖတ်ချင်သေးတယ်ဟ။ မြန်မြန်ဆန်ဆန် ပြောင်းပြီး ကြည့်လို့ရတဲ့ နည်းမရှိဘူးလား။
A. ဒီလိုလုပ်။ ကိုသန့်ဇင်ဦးရေးထားတာ။ iOS10 အထိ ရတယ်ပြောတယ်။ 10 မတင်ရသေးလို့. :3

Q. Facebook မှာ ဘယ်သူကမှ ယူနီကုဒ်နဲ့မှမတင်တာ။ ငါက စောင်ဆွာကြီးလုပ်ပြီး ယူနီကုဒ် သုံးတော့ ငါက ဘာနဲ့သွားဖတ်ရမှာလဲ။ ယူနီကုဒ်သုံးတဲ့ website တွေကောရှိလားဟ :3
A. ဒီမှာ စုပေးထားတယ် ဖရင့် fb page တွေကော ယူနီသုံးတဲ့ website တွေကာ :3

Q. Windows 8, 10 မှာ ယူနီကုဒ်သုံးချင်တာ။ ဆိုင်က အဲ့တာ ဇော်ဂျီတွေထည့်ပေးလိုက်တယ်။ ဘယ်လိုလုပ်မတုန်း။
A. ဒါလေးနဲ့ အမြစ်ဖြုတ်လိုက်။ ကွီးကျော်သူရအောင် အိပ်ရေးပျက်ခံပြီး ရေးထားတာ

Q. Windows မှာ ယူနီကုဒ်သုံးတာတော့ ဟုတ်ပါပြီ။ ငါက browser ကနေ fb ကြည့်တော့ ဇော်ဂျီတွေ ဖတ်မရတော့ဘူးဟ။ လုပ်ပါဦး။
A. ဒါလေးတွေ သွင်းထား။ ကွီးသစ်၊ ကွီးဆန်း၊ ကိုသန့်သက်တို့ လုပ်ထားတာ
Chrome : Chrome
Firefox : Firefox

Q. Windows Officeမှာ မြန်မာ၃နဲ့ စာရိုက်တာ စာလုံးတွေ မမှန်ဘူးဟ။ ကွိစိကွစ တွေ ပေါ်နေတယ်။ လခွမ်း။ လုပ်ဦး။
A. ဒီမှာကြည့်

Q. Windows မှာ Offline converter မရှိဘူးလားဟ။ ရှိရင်ပေးစမ်းပါ။
A. ဒီမှာဆွဲလေ။ ကိုမြတ်မင်းစိုး rabbit converter ကို အခြေပြုရေးထားတာ။

Q. Windows မှာ သဝေထိုးရှေ့ကရိုက်လို့ရတဲ့ ကီးဘုတ်မရှိဘူးလာဟ။ သဝေထိုးနောက်ကမရိုက်တတ်ဘူး။ :\
Windows မှာ ဇော်ဂျီလက်ကွက်နဲ့ ယူနီကုဒ် ရိုက်လို့မရဘူးလား။ ယူနီကုဒ် လက်ကွက်က ခက်တယ်ဟ။ ၈။
A. မေးခွန်းနှစ်ခုလုံးတွက် အဖြေတစ်ခုထဲပဲ။ ဒါလေးသွင်းလိုက်။ ကိုသန့်သက်ရေးထားတာ

Q. မင်းတို့ ယူနီကုဒ်က Photoshop မှာ သုံးမရဘူးဟ။ လုပ်စမ်းပါဦး။
A. ကိုဇေယျာတို့ လုပ်ပေးထားတဲ့ အသောက ရှိတယ်။ 😀

Q. Android မှာလေ။ ယူနီကုဒ်သုံးနေတယ်ဟ။ ဆိုနီက built in ပါလာတာ။ ဇော်ဂျီကိုဘယ်လိုဖတ်မတုန်း.. အရေးအကြောင်းဆို လိုတယ်ဟ။
A. လုပ်လိုက်တော့
https://www.facebook.com/groups/mmUnicode/permalink/1232676586742845/
https://play.google.com/store/apps/details…

Q. ညေး.. ကွီး ဖုန်းမှာ ယူနီကုဒ်ပဲပါတော့ ယူနီကုဒ်ပဲ သုံးနေတယ်။ Facebook က အရင်တုန်းက see conversion ဆိုပြီး နှိပ်ရင် ဇော်ဂျီ (မြန်မာ) to ယူနီကုဒ်(မြန်မာ) ပြောင်းပေးတယ်။ အခု မရတော့ဘူးဟ။ ဘယ်လိုလုပ်ရတုန်း။
A. ကိုသန့်သက် အရင်က doc တင်ပေးဖူးတယ်။ ဘယ်လို force လုပ်ပြီး Conversion option ပြန်ဖော်ရတယ်ဆွာ။ ကိုထက်ဝေအောင် video tutorial လုပ်ပေးထားတယ်။

Q. Android မှာ ယူနီကုဒ်သုံးနေတယ်။ လခွမ်း operator တွေက ဇော်ဂျီနဲ့ မက်ဆေ့တွေ ပို့နေတာ ငါဘယ်လိုသွားဖတ်ရမတုန်း။ ဖာ့ခ်။
A. ကိုမြတ်မင်းစိုးရေးထားတဲ့ app သုံးလိုက်။ ဆင်ပြေသွားလိုက်မယ်။

Q. Android မှာ ယူနီကုဒ်ကော ဇော်ဂျီကော browser မှာ ဖတ်ရအောင် ဘယ်လိုလုပ်မတုန်းဟ။
A. Firefox က android မှာ add on support ပေးတယ်။ ဒါလေးသွင်းပြီးသုံး။

Q. စက်ရုပ်မှာ သဝေထိုး ရှေ့က ရိုက်လို့ရတဲ့ ကီးဘုတ်မရှိဘူးလားဟ။
A. ရှိဒေ ရှိဒေ ရှိလွန်းလို့။
ဒီမှာ …

Q. Android မှာကွာ ငါရိုက်တာတော့ ယူနီကုဒ် နဲ့ပဲရိုက်မယ်လေ။ ဇော်ဂျီပဲသုံးနေကြတဲ့ မိဘဆွေမျိုး တွေ စကီလေးတွေကို ချက်ချင်း ကွန်ဗက် တစ်ချက် tap တာနဲ့ ဘယ်လိုပို့ရလည်းဟ။
A. M3 keybard လေးသုံး။ အိုကေသွားလိုက်မယ်။ :3

Q. မြန်မာစာရေးထုံးနဲ့ပဲ ရိုက်ချင်တယ်ဟ။ လုပ်ဦး.. သဝေထိုး ပစောက် ရရစ် ရေးချာ.. ပြော .. အဲ့လိုမျိုးပေါ့..
A. အိုကေ ဒါလေးတွေ သွင်းထားလိုက်ကွီး။ စိတ်ကြိုက်ရိုက်ပေတော့ =D
For Windows – Keymagic

For Mac – Keymagic

For iOS –ttKeyboard

For Android –BayKeyboard, ttKeyboard

Q. Q&A တွေစုပေးထားတဲ့ လင့် ကဘယ်မှာတုန်းဟ။ လခွမ်း။ အရေးအကြောင်းဆို ရှာမရတော့ဘူး
A. ဒီမှာဗျ။ link ကို တွေ့တုန်း မှတ်ပြီး ဆောင်ထားချေ။ နောက်လည်း အလျဉ်းသင့်သလို update သွားဦးမယ်။ :3
https://www.facebook.com/groups/mmUnicode/permalink/1378163822194120/
( linkception ဟ :O xD )