ဆရာဦးအောင်သင်း အပိုင်း(၄၀)

ဒီရက်ပိုင်း အလုပ်ရဲ့ ပရက်ရှာတွေ၊ မိသားစု အခက်အခဲတွေ၊ အားလုံးက က တပြိုင်နက် ဝိုင်း တွယ်ခံနေရတော့ လူလဲ စိတ်ဓာတ်တွေကျပြီး မျော့မျော့ဘဲရှိတော့တယ်ဗျို့. .
 စာရေးဖို့ လဲ အချိန်မရ . .အလုပ်ကလဲ Hand Over အချိန်ဖြစ်နေလေတော့ ညဆိုင်းဖြစ်လိုက်နေ့ဆိုင်းဖြစ်လိုက် နဲ့ အတော်ခံစားလိုက်ရပါသဗျာ

  

သို့ပေမယ့် အဖေ့ အကြောင်းကို ရေးမယ် လို့ တာဝန်ကြီးတစ်ခုလို ယူထားမိလေတော့ ကျွန်တော် သိသလောက် ပြီးဆုံးသည်အထိ တော့ ရေးမှ ဖြစ်မယ်ဆိုတဲ့ အသိလေးနဲ့ ဘဲကိုယ့်ဖာသာကိုယ် အားတင်းပြီး သကာလ .. .တယ်လီဖုန်းကို ဆွဲကိုင်. . စာရိုက်ဆရာ တာဝန် ပြန်လည် ထမ်းဆောင်မိသည့်အကြောင်း အဖေ့အကြောင်းစောင့်ဖတ်နေတဲ့ ပရိသတ်ကြီးကို အစီရင်ခံအပ်ပါသည်ခင်ဗျား. . .
 ပထမ တော့ အထင်ကရမှတ်မိနေခဲ့တဲ့ ကျွန်တော်နဲ့ အဖေ့အကြောင်းလေးရေးမလို့ဗျ. . သို့ပေမယ့် ပြီးခဲ့တဲ့ အပိုင်း မှာ ရေးခဲ့တဲ့ အဖေ ပြောနေကြ အရသာရှိတဲ့ အက်ဆေး လေးနှစ်ပုဒ် ကို ပြီးအောင် ပြန်ရေးပြတာ ပိုပြီးအဓိပ္ပယ် ရှိမယ်ထင်လို့ အဖေပြောလေ့ရှိတဲ့ ဒုတိယ အက်ဆေးလေး ကိုဘဲရေးလိုက် ပါရစေခင်ဗျား. . 
အက်ဆေးလို့ ပြောပေမယ့် တကယ်တန်း က ဝတ္ထု တိုဖြစ်ဖို့ များပါတယ်. . . ကျွန်တော် အမှတ်မှား နူတ်ကျိုးနေခဲ့လို့ပါ. 

ကိုယ်တိုင်ဖတ်ဖူး ခဲ့ခြင်းမရှိသလို ဘယ်ကဝတ္ထု တိုမှန်းလဲမသိခဲ့ပါ. . . . စင်ပေါ်က အဖေ ပြောပြ ချိန်မှာ အရသာ ရှိလွန်းလို့ကြားဖူးပြီး မှတ်မိနေတဲ့ အကြောင်း အရာလေးပါခင်ဗျား. .

ကဲ. . . 

အဖေရဲ့ ဒုတိယ ပြောပြလေ့ရှိတဲ့ ဝတ္ထု တို ကလေး . .ကိုပြောပြပါရစေ. . 

 

တရံရော အခါ က တကယ့် ဆိုးပေ့မိုက်ပေ့ဆိုတဲ့ သူတွေကိုသာထားတဲ့ အကျဉ်းထောင်ကြီးတစ်ခုရှိပါသတဲ့. .
 အဲ့ဒီ့အကျဉ်းထောင်ထဲ မှာဘဲ အဆိုးဆုံး ဆိုတဲ့သူတွေကို ထပ်ပြီး သီးသန့် ထားရပါသတဲ့ . . အဆိုးတကာ့အဆိုးဆုံး၊ ထောင့်တစ်သက်လွတ်ရက်မရှိတော့ တဲ့သူမျိုးများကိုသာ စုပြီးထားခြင်းဖြစ်လို့ အင်မတန် အန္တရယ်ကြီး သလို ..

 သူ့အသက်လဲ အသက်မထင်၊ ကိုယ့့်အသက်လဲ အသက်မထင်တော့ တဲ့ သူတွေသာ ဖြစ်ကြပါတော့သတဲ့

. .

 အဲ့ဒီ့အဆိုးတကာ့အဆိုးဆုံးတွေ စုထားတဲ့ အထဲမှာ မှ အမိုက်ဆုံး အကြမ်းတမ်းဆုံးကောင်ကြီး တစ်ယောက်က တန်းစီးလိုမျိုးဖြစ်နေပြီး . . ဘယ်သူမှ ထိန်းလို့မရတော့တဲ့ သူတွေကို အဲ့ဒီ့ တန်းစီးလူမိုက်ကြီး ကဘဲ ထိန်းမှဘဲ ရပါသတဲ့. .. 
အဲ့ဒီ့အဖြစ်အပျက်ဖြစ်နေဆဲမှာ ဘဲ. . ကျန်းမာရေး သုတေသန အဖွဲ့ တစ်ခု က ဆေးအသစ်တစ်မျိုးကိုတီထွင်နေပါတယ် .တီထွင်တဲ့ဆေး အမျိုးအစားကတော့ ကျောက်ရောဂါ၊ပုလိပ်ရောဂါလိုမျိုး ဆန်ဆန်. . . ကပ်ရောဂါ တစ်မျိုးကို ခု ခံကာကွယ်နိူင်တဲ့ antibiotic ပိုသတ်ဆေး အမျိုးအစားဖြစ်ပြီး . ယခင်ကတည်းက ဒီလိုကူးစက်ရောဂါမျိုးဖြစ်ပြီဆိုရင် .လူတွေအတွက် အင်မတန် အပျက်အစီးများ၊စေခဲ့ဘူးတဲ့ သာဓကများစွာရှိ ပါသတဲ့. . 
သို့သော်. . . ဆေးတီထွင်ပြီးချိန်မှာ.ဒီကပ်ရောဂါ အမျိုးအစား ဖြစ်နေသောနေရာ. . ဖြစ်နေသောသူတွေ မရှိတဲ့ အချိန်ဖြစ်နေပါသတဲ့..
ဆေးသုတေသန ကတော့ စမ်းသပ်ခန်းမှာ ကြွက် ၊ ပူး၊ ယုန်၊ မျောက်၊ နောက်ဆုံးမြင်းအထိ စမ်းသပ်ပြီးပျောက်အောင်ကု နိူင်ခဲ့သော်လဲ. . လူ ကို စမ်းဖို့အတွက် လူနာမရှိဘူးဖြစ်နေပြန် ၊ သာမန်လူ ကို စမ်းသပ်ဖို့ မဖြစ်နိူင်ပြန်သောကြောင့် အကြပ်တွေ့နေကြပါသတဲ့ . . ဒါ့ကြောင့် . . ဒီဆေးကို အောင်မြင်ပြီလို့ လုံးဝ အာမ. မခံနိူင်၊မထုတ်လုပ်နိူင်ဘဲ ဖြစ်နေကြပါသတဲ့
. .ဒါနဲ့ သူတို့ ရဲ့ အခက်အခဲ ဖြစ်နေခြင်း ကို အကြောင်းစုံ ဖွင့်ပြ ပြီး အကျဉ်းဦးစီး ဌာန ကို အကူ အညီတောင်းတဲ့ အခါ.. . . နောက်ဆုံး အကျဉ်းဦးစီးဌာနက လက်ခံပြီး. . ထောင်တစ်သက်လွတ်ရက်မရှိတော့တဲ့သူတွေ ကို ကြေငြာချက်တစ်ခုထုတ်ပြန် ပေးတဲ့ အဆင့့်အထိရောက်လာပါသတဲ့. ခင်ဗျား. . 
အဲ့ဒီ့အကျဉ်းသားတွေကို ကြေငြာပေးလိုက်တဲ့ အချက်တွေကတော့

 

ပထမဆုံး ဒီကပ်ရောဂါ အကြောင်း၊ဒီဆေးတီထွင်မှူ့ အကြောင်း ပူး၊ ကြွက်၊ ယုန် ၊မျောက် နောက်ဆုံး မြင်းအထိ စမ်းသပ်အောင်မြင်ပြီးပြီဆိုတဲ့အကြောင်း. . နောက်ဆုံး. လူကိုစမ်းသပ်ဖို့တစ်ခုဘဲ ကျန်သည့်အကြောင်း. . ဒီဆေးအောင်မြင်သွားခဲ့ရင် လူသားတွေအတွက် အင်မတန် အကျိုးရှိမှာဖြစ်တဲ့အကြောင်း. 
ဒါကြောင့်မို့ . ဒီဆေး ကိုအကျဉ်းသားထဲက မည်သူမဆို စိတ်ဝင်စားခဲ့ရင်လူသားတွေအတွက် ကောင်းမှူ့ ကုသိုလ် အဖြစ် ဝင်ရောက် အစမ်းသပ် ခံနိူင်ကြောင်း၊ ဆေးက အောင်မြင်ဖို့ များကြောင်း. . သို့သော် ဆေးက မအောင်မြင်လို့. အဆင်မသင့်ရင်လဲ သေသွားနိူင်ကြောင်း၊ မည်သို့ပင်ဆိုစေ စိတ်ကြိုက်ရွေးချယ်ခွင့် ရှိကြောင်း. . 

ကြေငြာပြီး. . 

နောက်ဆုံးမှ အကယ်၍ ဆေး ကအောင်မြင်ခဲ့လို့ အသက်ပြန်ရှင်ခဲ့တယ် ဆိုရင်တော့. .ကျေးဇူး တုန့့်ပြန်တဲ့အနေနဲ့. . . အမဲသားတစ်ဗူး. .စီးကရက်နှစ်ဗူး လက်ဆောင်ပြန်ရမယ်လို့ ကြေငြာစေပါတယ်.  
နှစ်ရှည်လများအကျဉ်းကျ ခံထားရတဲ့သူတွေအဖို့ အမဲသားကို သိပ် စိတ်မဝင်စားလှသော်လဲလုံးဝမမြင်ရတာကြာပြီ ဖြစ်တဲ့ စီးကရက်ဆို တဲ့ အသံကြားချိန်မှာ အားလုံး ပါးစပ်တပြင်ပြင် နဲ့ သွားရည် ယို မိကြပါသတဲ့ . . သို့သော်ပေးရမယ့်အရင်းအနှီးက များလွန်းတော့ လူအတော်များများ တွန့်နေကြချိန်မှာ… 
တကယ့်သေမထူးနေမထူး လို့စိတ်က ခံယူ ထားသူ . . တန်းစီး လူမိုက်ကြီးအပါအဝင် ၁၅ ယောက်လောက်ကတော့ အစမ်းသပ်ခံမယ် ဆို ပြီး . .စာရင်းပေးကြပါသတဲ့
ဒါနဲ့ ဘဲ ဆေးတီထွင်သူတွေက အစမ်းသပ်ခံအကျဉ်းသားတွေကို စတင်ရောဂါပိုးထိုးထည့် ပေးလိုက်ပြီး ရောဂါဖြစ်သည်အထိ စောင့်ကြည့် ၊ ရောဂါကြောင့် အကျဉ်းသားတွေလဲ လူးလှိမ့်နေအောင်ခံနေရချိန်၊ရောဂါ ဖြစ်ပွား တာသေချာချိန်ကျ မှ စတင်ပြီးဆေးကု ၊ လူနာတွေရဲ့တိုးတက်မှူ့ အခြေအနေ စောင့်ကြည့်ပြီးဆေးပြန် ကုလိုက်တာ . . ကံအားလျော်စွာ အကျဉ်းသားဆယ်ငါးယောက်စလုံး. . ရောဂါပျောက်ပြီးပြန်လည် ကျန်းမာလာကြပါသတဲ့. .   
ဒါနဲ့ ထောင်ပိုင်က လဲ သူပေးထားတဲ့ ကတိအတိုင်း. .အကျဉ်းသားတွေ ပြန်လည် နာလန်ထ ထူထောင်လာချိန်မှာ အစမ်းသပ်ခံ. အကျဉ်းသားအားလုံးကို တန်းစီခိုင်း.. …ရွဲ့စောင်းပြီး ယိုင်ထိုးထိုးနဲ့တန်းစီ မတ်တပ် ရပ် နေတဲ့ အကျဉ်းသားတွေကို အမဲသားတစ်ဗူး စီးကရက် နှစ်ဗူး ကို တစ်ဦးချင်းလိုက်ဝေပေးပါသတဲ့ .  

အကုန်လုံး လဲ တပြုံးပြုံးနဲ့ သူတို့ ရတဲ့ လက်ဆောင်လေးတွေကိုကြည့်ပြီး ပျော်နေကြချိန် နောက်ဆုံး မိုက်ပေ့ဆိုတဲ့ တန်းစီးအကျဉ်းသားကြီး အလှည့်ရောက်ချိန်မှာတော့. . တန်းစီး လူမိုက်ကြီးက လက်ဖြန့်ပြီး မယူဘဲ လက်ပိုက်ရင်း သူ့ကိုပေးနေတဲ့ လက်ဆောင်ထုပ်ကလေးကိုသာငေးကြည့်နေပါသတဲ့
ဒါနဲ့ ထောင်ပိုင်ကလဲ. … မင်းဘာဖြစ်လို့မယူတာလဲ. .. ငါတို့မှာ ပိုပေးခွင့့်မရှိဘူး. . ဒါဟာ . အားလုံးကိုကြေငြာပြီးသား.မင်းလဲ သဘောတူလို့ လုပ်ခဲ့တာ . မင်းယူစရာရှိတာကိုသာ. . အေးအေးဆေးဆေး ယူလိုက်ပါ၊ ငါတို့ ဘာမှ ထပ်လုပ်မပေးနိူင်ဘူးနော် လို့ ပြောလိုက်တဲ့ အချိန်မှာ

. . 

တန်းစီးလူမိုက်ကြီးက. .. တွေတွေကြီးစိုက်ကြည့်နေရာက . ခေါင်းကို ငြင်းဆန်တဲ့ပုံနဲ့ အသာ ခါလ်ိုက် ပြီး. . စကားခပ်လေးလေးနဲ့ ပြောပါသတဲ့. . . 
မဟုတ်ပါဘူး. . ကျုပ်လဲ မလိုချင်လို့ မဟုတ်ပါဘူး.. . လိုချင်ပါတယ် . ဒါဘဲရမယ်ဆိုတာလဲသိပါတယ်. ..ဒါပေမယ့်. ကျုပ်စဉ်းစားမိတာက တခြားဗျ .. . . . 

.ကျုပ်တစ်သက်မှာ လူ့လောကအတွက် ကောင်းမှူ့ ကုသိုလ် ဆိုလို့ တစ်ခါမှ မလုပ်ခဲ့ဖူးဘူးဗျ. . . ဒီတစ်ခါလေးဘဲ လူ့လောက အတွက် ကောင်းမှူ့လေးလုပ်ဖူးတာကို. . ဒီအမဲသားတစ်ဘူး . စီးကရက် နှစ်ဗူးနဲ့ မလဲ တော့ဘူး ဗျာ. . .

ပြန်ယူသွားကြတော့ ကျုပ် မလိုချင်တော့ဘူး . . 

ဆိုပြီး အပြတ်ပြောချလိုက်ပါသတဲ့ခင်ဗျား
အဖေ ပြောတဲ့ ဝတ္ထု တို လေးကတော့ ဒါပါဘဲ .ဒီဝတ္ထု တို လေးကို ပြော

 ပြီးသွားချိန်မှာ အဖေ အမြဲ ဆက်ပြောလေ့ရှိတာကတော့. .

 (အသံ ကို မြှင့်ပြီး)

ကိုင်း.. လောကကြီးရဲ့ သဘောက ဒီအတိုင်းဘဲ. တခါတရံ. . . အမဲမှောင်ဆုံးဆိုတဲ့ တိမ်တိုက်မှာတောင် ငွေရောင်အနားကွပ်တွေရှိတတ်ပါတယ်. . . 

ငွေစင်ရောင်လှပေ့ဆိုတဲ့ လမင်း ကြီးမှာလဲ အမဲရောင် ရိပ်တွေ ရှိတတ် တဲ့သဘောရှိတယ်ဗျ .. . . ဆိုပြီး သူ့ရဲ့ ဝေဖန်ချက်ကလေးနဲ့ အရသာယူပြီး စကားပြောခြင်းကို အဆုံးသတ် လိုက်လေ့ရှိပါတယ်. . 
အဲ. . . အခု . . . ဒီစာ ဒီ ဝတ္ထု တိုလေးကိုတော့ရေးပြလို့ပြီးပါပြီ. . 

သို့သော် ဒီစာ ကိုရေးနေရင်း

မပြီးနိူင်ဘူးဖြစ်နေတာက ကျွန်တော်ဗျ. .   
အဖေနောက်ဆုံးပြောခဲ့တဲ့ အမဲမှောင်ဆုံးတိမ်တိုက်မှတောင် ငွေရောင် အနားကွပ် တွေရှိတယ် ဆိုတဲ့ အတွေးစကားက ခေါင်းထဲ မှာ စွဲနေပြီး.ယခုလက်ရှိ. မြန်မာ့နိူင်ငံရေးနဲ့ တဖြေးဖြေးခြင်း ဆက်စပ်စဉ်းစားမိလာလို့ပါ  
ပြီးခဲ့တဲ့ တစ်လ လောက်ကစ..အစိုးရအပြောင်းအလဲ ကိုကြည့်ပြီး .. ရင်ထဲ မှာ ကြည်နူးနေ .ဝမ်းသာ နေမိတာ

..အော်. . . . အဖေ ပြောခဲ့သလိုဘဲ. . ငါတို့ နိူင်ငံကြီးရဲ့ အမဲမှောင်ဆုံး တိမ်တိုက်တွေမှာလဲ ငွေရောင်အနားကွပ်ကလေး တွေ ရှိနေကြသကိုး. . တော်ပါသေးရဲ့ဆိုပြီး. . အကြိမ်ကြိမ်.သာဓုခေါ်ရင်း ရင်ထဲမှာ တသိမ့့်သိမ့်.ကြည်နူးနေမိတာ. . . .
ဘယ်ကလာဟုတ်ရမှာတုန်းဗျ. . နှစ်ပတ်ကျော် .သုံးပတ်လောက်ဘဲ ရှိသေး. . နည်း မျိုး စုံကို စ လုပ်ကြတော့တာကိုး .. 
တိုင်းပြည် နုနု ကို အပမှီနေပါတယ်ဆိုပြီး ဘုရားပန်းနဲ့ ရိုက်လို ရိုက်. .

 တစ်လတောင်မပြည့်သေးတဲ့. . အစိုးရလည်ပင်းကို ဖုတ်ဝင်နေသလိုလို၊ အပ မှီနေသလိုလို ဝိုင်းစွပ်စွဲပြီးပရိတ်ကြိုးတွေ အတင်းစွပ် ဆေးကြိမ်လုံးလိုလိုဘာလိုလိုတွေနဲ့ ဝိုင်းထိုးနေကြတာတွေ့ ရတော့မှ    

  . 

 ဟယ်….. . ဒါ. . ဟိုး. အရင်ကတည်းကငါသိခဲ့ဘူးတဲ့ . လက်မဲကြီးပါ့လားလို့ ပြန်သတိထားမိတော့တာကိုး. .. ဆိုးချက်ဗျာ

 

အဖေ သာရှိနေသေး ရင် တော့ အဖေ့ကို ပြောပြချင်သေးတာ. .. 
အဖေ . … အဖေ့ . .အမဲရောင် တိမ်တိုက် ကြီးတွေက လဲ အနားကွပ်မှာ. . . ငွေရောင်လေးတစ်ချက် လက်ကနဲ့ပြပြီး. . အနက်ရောင် အနားကွပ် ကြီးတွေ ပြန်ဖြစ် နေပါပေါ့လား အဖေရဲ့ ဆိုပြီးပြောမိမှာပါ. . 
သူကလဲ . . ငါ့လခီီွး. . စိတ်ပျက်စရာကွာ ဆိုပြီး. …ထ ဆဲမှာ သိပ်သေချာပါတယ်ခင်ဗျား ..
ကျွန်တော်တို့ အတော် ကြိုးစားပြီး တိုင်းပြည်တည် ကြရအုန်းမှာပါခင်ဗျား. . လက်အမဲ ကြီးတွေက . ထုံးသုတ်ပြီး . . လက်အဖြူယောင်ဆောင်ရင်လဲ . . သိအောင်လုပ်ကြရအုန်းမှာပါ. . .. 

ဉာဏ်ကြီးသော . . တိုင်းသူ ပြည်သားများ ကံကောင်းကြပါစေလို့ သာဆုတောင်း လိုက်ပါရစေခင်ဗျား
ဆက်ပါအုန်းမည်

#ဆရာမြိုင်

(ပြီးမှဘဲ edit ပါရစေခင်ဗျား)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s