File name changer

ဖိုင်နာမည်များကို ဇော်ဂျီဖောင့်နဲ့ အများကြီးပေးထားပြီးမှ အားလုံးကို ယူနီကုဒ်ပြန်ပြောင်းချင်ရင်အောက်မှာပေးထားတဲ့လင့်က ဖိုင်လေးကို အသုံးပြုနိုင်ပါတယ်.. ပုံမှာပြထားတဲ့ခလုတ်တွေကို အစဉ်လိုက် နှိပ်သွားရုံပါပဲ

၁။ ဖွင့်ရန်နှိပ်ဆိုတဲ့ခလုတ်ကကိုနှိပ်ပြီး ဇော်ဂျီနဲ့ရေးထားတဲ့ဖိုင်တွေကို ဖွင့်ပါ။
၂။ အားလုံးရွေးခလုတ်ကို နှိပ်ပြီး Select all လုပ်လိုက်ပါ။
၃။ ကူးမည်ကိုနှိပ်ပြီး ကော်ပီကူးလိုက်ပါ။
၄။ Unicode converter တစ်ခုခုမှာ သွားပြီး Paste ပြီး Unicode ပြောင်းပါ ၊ ပြောင်းပြီးသားကို ပြန်ကော်ပီခဲ့ပါ။
Converter : http://mrdba.info/unicode-converter/
၅။ ကူးပြီးချမည် ခလုတ်ကို နှိပ်ပါ ။
၆။ သိမ်းမည်ကိုနှိပ်ပါ။
၇။ ရှင်းမည်ကိုနှိပ်ပြီး ရှင်းလိုက်ပါ။
၈။ မိမိဖိုင်တွေအားလုံး ယူနီကုဒ်ပြောင်းပြီးသားကိုတွေ့ရမှာဖြစ်ပါတယ်.။.

Download Link :
https://app.box.com/s/8hr1jznce8lr7jxcxm6p

Advertisements

Huawei G730 U00 Fleshable Unicode font

Huawei G730 U00 တွေအတွက်ပါ ဒါကိုသွင်းဖို့အတွက် Root (or) cwm လိုပါတယ်
root ဖောက်ပြီးရင် Mobileuncle Tool နဲ့ cwm ကို သွင်းပါမယ်
ပထမ cwm file ကို sd card ထဲကို extract လုပ်ပါ HUAWEI-G730-U00_131128__recovery_140118-103300.img
ဆိုတဲ့ဖိုင်ကို sd card ထဲးမှဒီအတိုင်းထည့်ထားပေးပါ အဲ့ဒီနောက် Mobileuncle Tool ကိုဖွင့်လိုက်ပါ Root Access တောင်းပါမယ်ပေးလိုက်ပါ
ပြီးရင် Recovery Update ကိုနှိပ်ပြီး HUAWEI-G730-U00_131128__recovery_140118-103300.img
ကိုရွေးပေးလိုက်ရင် cwm သွင်းပေးသွားပါမယ် ပြီးရင်အခုပေးတဲ့
Font zip လေးကို cwm ကနေ သွင်းလိုက်ရင် ယူနီကုဒ်ဖောင်လေးနဲ့ လန်းနိုင်ပါပြီဗျာ

တခြားဖုန်းတွေကတော့ ရမရမသိပါဘူးဗျာ

Unicode font zip file

>>>>>>> http://www.mediafire.com/download/06dfgkr87qlm9ay/MyanmarUnicode_cwm_font.zip
>>>>>>> https://www.dropbox.com/s/wa48lkx429zwuuh/MyanmarUnicode_cwm_font.zip?dl=0

Mobileuncle Tool

>>>>>>> http://www.mediafire.com/download/rgkrnasdnqeqid5/com.mobileuncle.toolbox-1.apk

>>>>>>> https://play.google.com/store/apps/details?id=com.mobileuncle.toolbox

CWM img file

>>>>>>> http://www.mediafire.com/download/1ymbc4qdnr2z0w8/G730-U00_CWM(_English_Version_).rar
>>>>>>> https://www.dropbox.com/s/w52tx63019g5rlo/G730-U00%20CWM%28%20English%20Version%20%29.rar?dl=0

ဆရာဦးအောင်သင်း အပိုင်း (၃၇)

ဆရာဦးအောင်သင်း အပိုင်း (၃၇)
အခုတလောနိူင်ငံရေးအပြောင်းအလဲလေးတွေက ရှိလာတော့ လူက စာရေးတဲ့ ဘက်အာရုံ မရောက်နိူင်ဘူးဖြစ်နေတယ်ဗျို့. . 

ခု . .စာကလေးကျော် ခုဆီထမင်း ၊ ဖန်ဆင်း မပေးလို့ စိတ်ဆိုးနေကြတဲ့ သူတွေ တော်တော် များများကလဲ ရှိနေကြတာကိုး . 

ဂျပန်ခေတ် ကကြားဘူးခဲ့တဲ့ရွှေရည်စိမ် လွတ်လပ်ရေးလား၊ ဦးဖိုးချမ်း ဒီမိုကရေစီကြီးများ ဖြစ်နေလေရော့သလား၊ လှည့့်ကွက်တွေထဲ ဝင်နေလေရော့သလား ဘာလားညာလား အတွေးတွေကဝင် ၊ သွေးတွေက တိုး . . ဘယ်နှယ့်လုပ်စာရေးနိူင်မှာတုန်း. .
 ဒီကြားထဲ နိူင်ငံရပ်ခြားကတစ်မျိုး ပြည်တွင်းက တစ်ဖုံ စကားလုံးပြောင်ပြောင်တွေနဲ့ မြောက်ပေးနေတဲ့ တချို့ကဗျာတွေ စာတွေ ကို ဖတ်ရတော့ ရင်က ထိတ်လာတယ်ဗျ. . 

အဖေ့ ရဲ့ ဟောပြောပွဲတွေ ကို အရမ်းနားရည်ဝ ပြီး ကြီးပြင်း လာခဲ့တော့ အလင်္ကာ တွေ ရဲ့ ကြောက်စရာသိပ်ကောင်းခြင်းကို သူများတွေထက်စော ပြီး သတိမူမိတဲ့ အကျင့်ကစွဲနေပါရော. . 
၈၈ မတိုင်ခင်မှာ အဖေ ပြောတဲ့ ရသစာပေ ဂွင်ထဲ မှာ အလင်္ကာ ရဲ့ အန္တရယ်ဆိုတာလေးပါတယ် ဗျ. . 

ဟိုးရှေ့ပိုင်းမှာ ရေးခဲ့ဘူးပေမယ့်. . မသိသေးတဲ့ သူတွေ အတွက် နည်းနည်းလောက်ပြန်ပြောပြပါရစေ. . . ခေတ်သစ်နိူင်ငံရေးအတွက် ကလေးတွေ ပြင်ဆင်ခွင့်ရအောင် နည်းနည်းလောက်ပြန်ပြောပြပါရစေ. . အဖေ့ ရဲ့ စကားပြောဟန်လေးအတိုင်း ပြန်ရေးပြပါ့မယ်
အလင်္ကာ ဆိုတာ ဘာ လဲ. . အလင်္ကာ ဆို တာ .လူတွေ ရဲ့ ရှိပြီးသားအစွဲ တွေ ကို ကိုင်လှူပ် ဖို့ ကျိုးစားတာ ကွ. . . 

ကလေးတစ်ယောက် မွေးလာတယ် . . သူ့ခေါင်းထဲမှာ ဘာအစွဲ မှ မရှိဘူး. . လူ ကြီးတွေ က ရိုက်သွင်းရင်းနဲ့ အစွဲ တွေ ဖြစ်လာတာ ကွ. 

ဟော. . . ကလေး တစ်ယောက် အတွက် မစင် သည် လဲ ပစ္စည်းတစ်မျိုး ထမင်းသည်လဲ ပစ္စည်း တစ်မျိုး၊ ထမင်းသည် စားရတယ် မစင်သည် မစားရဘူး ဘာ မှ မထူးခြားဘူး . . ဒါပေမယ် လူ ကြီးတွေက အဲ့ ဒီ့ ကလေးက မစင် ကို ကိုင်လိုက်တယ် ဆိုပါတော့ . . 
အာမယ်လေး မကိုင်နဲ့ အော့ အော့ တွေ၊ အော့အော့တွေ ဆို ပြီး အော်ကြ ဟစ်ကြ တားကြတော့ မှ. . ကလေးက ဒီ ဟာ ကို ရွံရမယ် ရွံရမယ် ဆိုပြီး. . ရွံစရာ အဖြစ်သတ်မှတ် ကြတော့ တာကိုး. . 
အဲ့ဒီ့အစွဲ က ဘယ်လောက်အထိ ကြီးလာသလဲ ဆိုတော့ . . ကိုယ့်အသက်အရွယ်ရောက်လာလို့ အကြီးပိုင်း ထမင်းစားနေတုန်း မစင် အကြောင်း လာမပြောနဲ့ . ပြောရင်. ထ . ရန်ဖြစ်တဲ့ အဆင့် မျိုးထိဖြစ်ချင် ဖြစ်သွားကြတော့တာကိုး.. ရွံရမယ်ဆိုတဲ့ အစွဲတွေရဲ့ တုန့်ပြန်မှူ့တွေပေါ့
အလင်္ကာ ရဲ့ အန္တာရယ် တဲ့ . ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘာမှမဟုတ် ဘူးပေါ့. . . ဒါပေမယ် အလင်္ကာ ကောင်းရင်လူတွေက အသေခံဝံ့ကြ တယ်နော. . 
ဥပမာ. . လူတစ်ယောက် အလုပ်လုပ်ရင်း သေတယ် ဆိုပါစို့.. သာမန် အားဖြင့်ဆို . . သေတယ် အသက်မရှိတော့ဘူး ပေါ့ဗျ.    

အဲ့တာ ကို. …. ကိုဘယ်သူသည် . . ဘယ်နှစ်ရက်နေ့. အလုပ်လုပ်ရင်း ကြွ သွားလေ၏. . ဂန့် သွားလေ၏ . . လို့ရေးကြည့်ပါ့လား.(ရယ်သံများ) . . ခင်ဗျား ကို ဝိုင်းဆဲကြ မှာပေါ့ ဗျ. . . 
ဟော. . . ကိုဘယ်သူ သည် ဘယ်နှစ်ရက်နေ့နိူက် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း. .. အသက်ပေးလှူ သွားလေ၏ . . အဲ. . .အဲ့ ဒီလိုမှ သေ ရတဲ့သူလဲ အသေ ဖြောင့်သလို . နောက်လူ လဲ သေဝံ့တော့မှာပေါ့ဗျ. . .(ရယ်သံများ) ဒါ .အလင်္ကာ ဘဲ. . . 
ကောင်းပြီ အလင်္ကာ ကို ဘယ်မှာ အသုံးအများဆုံးလဲ လို့ ဆန်းစစ် ကြည့်လိုက် ရင် . . . ကောင်လေးတွေ ၊ကောင်မလေးတွေ သေချာနားထောင်.

အလင်္ကာ ကို အသုံးအများ ဆုံး ၂ ခု က နိူင်ငံရေးနဲ့ ရည်းစားစာ ဘဲကွ မှတ်ထား.. 
စဉ်းစားကြည့်ပေါ့ကွ. . ရည်းစားစာ ဘယ်လိုရေးတုန်း. .နှမတော် ငဲ့. . ပရံ ပရ ဘဝ အဆက်ဆက် က ချဖူးသော ပန္နက် ဆို ခဲ့ဘူးသော သစ္စာစကားတို့ ကြောင့် နှမတော်လေး ရဲ့ မျက်နှာတော် ကို စတင် တွေ့ မြင်ချိန်မှ စ၍ မောင်တော့်မှာ . စား၍မှ မဝင် အိပ်၍ မှ မပျော် ရှိပါသောကြောင့် နှမလေးထံ မေတ္တာစာလွှာ ပါးလိုက်ရပေသည်. .

ချစ်လျင် စာပြန် မုန်းလျင် သီးခံ

အောက်က ချစ်သော မောင်မောင် အောင်သင်းတို့ ဘာတို့ ပေါ့ကွာ . .

 နှမလေး ကို ချစ်လိုက်ရ တာ ဇီးဖြူ ဖန်ခါးလို ပါးစပ်ထဲ ငုံထားချင်တာ . . ရှူးပေါက်ချမှာ စိုးလို့တွေ ဘာတွေ ရှောက်ရေးချင်လဲရေး ကြတာပေါ့လေ. .(ရယ်သံများ)
အဲ. . မင်းတို့ခေတ်ကျ တော့ လဲ တစ်မျိုးပေါ့ကွာ. (ယခုခေတ် စကားပြောဟန်ဖြင့်မျက်နှာတည် တည် ၍ ဆက်ပြော)  

ဒို့ ဆီက ဒီစာ ကို တွေ့ လိုက်ရတော့ သူ သိပ်အံဘြ သွားလိမ့်မယ်ထင်တယ်.(ရယ်သံများ) . ဘာညာဘာညာ ပေါ့ ကွာ. . အဆုံးသတ်ကြတော့ မှ သူ့ရဲ့ ဒို့ တွေ ဘာတွေ လုပ်ထည့့်လိုက်တာပေါ့ . ဘာမှန်းလဲမသိဘူး . သူ့ရဲ့ ဒို့ တဲ့… (ရယ်ရင်း) ဟုတ်ဘူးလား. 
အဲ ပြူ. စောထီးခေတ်က ရည်းစားစာဆိုရင်တော့ တမျိုး စဉ်းစားရမှာပေါ့ကွာ
မောင့်ကို ချစ်ရင် ချစ်ပါ မချစ်ရင် ရွာကို မီးနဲ့ရိူ့ရပါလိမ့်မယ်. .(ရယ်သံများ) . .အဲ. . အဲ့တာမျိုးရည်းစားစာကျ တော့ အတော်သတိထားရမှာပေါ့ကွာ. . . ကဲ ထားလိုက်တော့
ရည်းစားစာဘဲ. . အရေးကောင်းရင် ကောင်းသလို ပြောချင်တာတွေ စွတ်တွယ်ကြတာကိုးကွ. . မယုံမရှိနဲ့.အောင်သင်း ကိုယ်တွေ့ . . အောင်သင်းရဲ့ တက္ကသိုလ် သက်တမ်း တလျှောက် လုံး ရည်းစားစာ အငှါး ရေးပြီးလုပ်ကိုင်စားသောက်လာတာ(ရယ်သံများ)
ကောင်းပြီ ကောင်မလေးတွေ. . . ရည်းစားစာ အရေးကောင်းတာနဲ့ ပြန်ကြိုက်ကြရမှာလား. . 

မဟုတ်ဘူးနော်. သတိထား. . တော်ကြာ အောင်သင်းလိုလူတွေ ကို ရေးခိုင်းထားတော့ ဘယ့်နှယ့်လုပ်မတုန်း. တကယ်တန်းက စာရေး ဘယ်လောက်ကောင်းကောင်း. . အလင်္ကာ ကို ဖြုတ်ကြည့် တတ် ရတယ် ဒီကောင် ဘယ်လို ကောင်လဲ ဘယ်လိုလူလဲ.. . အားလပ်ချိန်တွေကို ဘယ်လိုသုံးသလဲ. . တချိန်လုံး မူးရူးနေတဲ့ကောင်လား ဆိုတဲ့ . ပကတိ အမှန် ကို မြင်အောင်ကြည့်တတ် ရတယ်. ရည်းစားစာ အရေးကောင်းတိုင်း ပြန် ကြိုက်စရာ မလိုဘူး. . အလင်္ကာ ကိုဖြုတ်ကြည့်. . နားလည်လား . ကောင်မလေးတွေ
အေး . . ဒါက ရည်းစားစာ ကွ . ဘဝပျက်ရင် လူ တစ်ယောက်လောက်ဘဲ ထိတာကွ နိူင်ငံရေးကြ ဒီလိုမဟုတ်တော့ဘူူး. . လူအသင်းအဖွဲ့လိုက်ကြီး. လူမျိုးစုလိုက်ကြီးနိူင်ငံလိုက်ကြီးပျက်သွားနိုင်တယ်ကွ. . နားလည်လား. . 
မင်းတို့ကိုငါ ငယ်ငယ်က ကြားခဲ့ဘူးတာလေးတွေ ပြောပြမယ်. .

ဥပမာ . . ငါတို့ ငယ်ငယ်က သိပ်စကားပြောကောင်းတဲ့ နိူင်ငံရေးသမားတွေ ရှိတယ် . . ငါမှတ်မိသလောက်ကလေးငါပြန်ပြောပြမယ်. . ဦးနု ဟာငါတွေ့ဖူးသမျှ ထဲ မှာ အင်မတန်စကားပြောကောင်းတယ်ကွ

ဆိုပါတော့ သူ့စကားပြောလေးတစ်ခုကိုပြောပြမယ်. .

(ဦးနုရဲ့လေယူလေသိမ်းဖြစ်တဲ့ စကား ခပ်လေးလေး ကျဲကျဲ နဲ့ ဟိုး. . ဝေးဝေး က လာတဲ့ မိန့်ခွန်းပြောသံမျိုးကို ပြောင်းလိုက်ပါတယ်. ဦးနု၏ မိန့်ခွန်းမဖတ်ဖူးပါ အဖေပြောပြခဲ့သော ဟောပြောပွဲ အတွင်းမှတ်မိခဲ့ခြင်းကို ပြန်လည် ရေးပြခြင်းဖြစ်ပါသည် )
ကျွန်တော် ဟာ. . . ငယ်ငယ် က. . သိပ်ကြောက် တတ် ပါတယ် . ကြောက်တတ် လွန်းလို့ . .မောင်နု မင်းတရားသူကြီးလုပ်မလားလို့မေးတော့ သူများအသက်တွေ သတ် ရမှာ စိုးလို့ မောင်နု တရားသူကြီးမလုပ် ခဲ့ ပါဘူး. . ဒါပေမယ့် အခု လို ကျွန်တော်တို့ တိုင်းပြည်ကြီး ချောက် ထဲ ကျ ဖို့ လက်နှစ်လုံးလောက်အလိုမှာ(အာမယ် လက်နှစ်လုံးတဲ့ . တိုင်းထားတာကျနေတာဘဲ . ရယ်ရင်းပြော) . မောင်နု သတ္တိ မကောင်းလို့ မဖြစ်တော့ဘူး . ဒီအချိန်မျိုးမှာ မောင်နု သတ္တိ မကောင်းရင် နောင်တစ်ချိန် နောင်လာနောက်သားတွေ က မောင်နုတို့အကြောင်းတွေကို ခွေးရေ ပုရပိုဒ် နဲ့ မှတ် တမ်း တင်ကြ လိမ့်မယ်(သူ့မူရင်းသံ သဘောကျတဲ့ ပုံလုပ်ပြီး). . ဟာ. . ငါတို့ မှာ သဘောကျလိုက်တာ ဆိုတာ ဟော့သလို လက်ခုပ်တွေတီး . ရွှီး ဖြောင်းဖြောင်းလုပ် . . . ပေါ့ကွာ… 
ကဲ . စဉ်းစားကြရအောင်. . ဒါတွေဟာ .တကယ်လား. . မဟုတ်ဘူး . အလင်္ကာ တွေကွ. . အလင်္ကာတွေ..   

နောက်တစ်ခု ရှိသေးတယ် ငါလဲ မှတ်မိတာတွေ စွတ်ပြောနေတာကွာ. (ရယ်ရင်းပြော)
ကွန်ြုမူနစ်တွေ ကို ပြန်တိုက်ခါနီးမှာ ဘယ်လိုပြောလဲ သိလား. . နားထောင်ကြည့် (ဦးနုအသံ)

ကွန်မြူနစ်တွေက ကျွန်တော် တို့ ကို သေနတ် နဲ့ တစ်ချက်ပစ်ရင်. . ကျုပ်တို့ က . အချက် နှစ်ရာသုံးရာ ပြန်မပစ်ရင်တောင်မှ. (ခဏနားပြီး) တစ်ချက်တော့ ပြန်ပစ်ရမှာဘဲ… 

ဟော. . သတိထားကြည့် ကွန်မြူနစ်တွေ တစ်ချက်ပစ်ရင် ကျုပ်တို့ တစ်ချက်ပစ်မယ် လို့ ပြော လိုက်ရင် လက်စားချေ တဲ့ သဘောဖြစ်မမနေဘူးလား. . အဲ့ဒီ့တော့ . . ဘယ်လိုပြောလဲ. . အချက်နှစ်ရာ သုံးရာပြန်ပစ် နိူင်တယ် ဆိုပြီး ကိန်းဂဏန်းကို အဝေးကြီးပြောပြ . ပစ်နိူင်ကြောင်းပြောပြပြီးမှ. . တချက်တော့ ပြန်ပစ်ရမှာဘဲ ဆိုပြီး ပြောချလိုက်တော့ . . နားထောင်နေတဲ့ သူတွေ စိတ်ထဲ ဘယ်လို ဖြစ်သွားလဲ. . . ဒါပေါ့ . ဟုတ်တာပေါ့. . တစ်ချက်တော့ပြန်ပစ် ရမှာပေါ့ဆိုပြီး . . ခွင့်လွှတ်ပေးရတဲ့ သဘောမျိုး နဲ့ လက်ခံပေးလိုက်ကြရတာမို့လား… 
ဒါတောင်ကွန်မြူနစ်တွေရဲ့ စည်းရုံးတဲ့စကားတွေ သွေးဆူစေတဲ့ ဟောပြောပွဲတွေ သေရဲတယ်သတ်ရဲတယ်ဆိုတာတွေ ငါမပြောရသေးဘူး. . 
ကြပ်ကြပ် သတိထားပါ(ငေါက်သံနဲ့ဆက်ပြော) ကောင်လေးတွေ ကောင်မလေးတွေ. (. ဒါနိူင်ငံရေး. .နားလည်လား. အလင်္ကာ တွေချည်းဘဲ… သိပ်သတိထားရမယ်.

အလင်္ကာ ကောင်းတိုင်း. အများယောင်လို့ လိုက်မယောင်နဲ့. အလင်္ကာ ဖြုတ်ကြည့် ပကတိကိုကြည့်တတ်ရတယ်. . မဖြုတ်တတ် ရင် အသက်ပါသွားမယ် .နားလည်လား. 

(သူ့ရဲ့ စိုးရိမ်စိတ် နဲ့ ကလေးတွေကို ငေါက်ပြီးဆုံးမခဲ့တဲ့ အသံတွေပါ . အင်မတန်လွမ်းစရာကောင်းလှပါတယ်)
အခုလိုနိူင်ငံရေးစပ်ကူးမတ်ကူးကာလမှာ. အဖေပြောခဲ့တဲ့ စကားသံတွေကိုပြန်ကြားယောင်လာမိတာအမှန်ပါ. . 

ကလေးတွေ ကျောင်းသားငယ်တွေ ရဲ့. .သတ္တိ အကောင်းဆုံး စိတ်ဓာတ်အပြင်းထန်ဆုံးအချိန်တွေမှာ. ဘီယာလေးသောက်ပြီး စကားလုံးတွေ အလင်္ကာတွေနဲ့ မြောက်ပေး၊ ကဗျာတွေနဲ့ရေးပြီးမြောက်ပေးနေတဲ့သူတွေကိုမြင်ရတော့ အင်မတန် စိတ်ပျက်၊ စိတ်ဆိုးမိပါတယ်. .အနားမှာရှိရင်လဲထဆဲမိမှာသေချာပါတယ် 
ခွပ်ဒေါင်းတွေ သွေးမြေ ကျ ရင်လဲ . ဆက်လျှောက်လိုက်စမ်းပါ. . ကျောင်းသားတွေရဲ့ စွမ်းရည်ကိုပြလိုက်စမ်းပါ ခွပ်ဒေါင်းတွေရဲ့ သွေး ဘယ်လောက်နီတယ် ဆိုတာပြလိုက်စမ်းပါဆိုပြီး ရေးတဲ့သူက . အမေရိကားကနေ ဘီယာလေးသောက်ရင်းကဗျာရေးနေတာဗျ. .
. ငါတို့ ကျောင်းသားတွေသွေးမြေကျ ရင် မီးဟုန်းဟုန်းတောက်စေရမယ်ဆိုပြီး ကဗျာရေးတဲ့ သူက မြေကြီးမှာ မီးတောက်မတောက်တော့သူမသိဘူး သူ့စတေးတပ် လူဘယ်နှစ်ယောက်share လဲဆိုတာကြည့်ပြီးပျော်နေတဲ့ကောင်တွေဗျ. . 
ကျောင်းသားတွေ အရိုက်ခံရတဲ့ အချိန်မှာ ဒီလိုကောင်မျိုးမပါဘူး အဲ့ဒီ့ မြောက်ပေးနေတဲ့ အချိန်က ရွေးကောက်ပွဲ သမာသမတ် ရှိစေရပါမယ်ဆိုပြီးလေးလ ဘဲ လိုတော့တဲ့ အချိန်ဗျ. အမုန်းပွားမစိုးလို့ ကျွန်တော်လက်ရှောင်နေခဲ့တာပါ…ဒါတောင်

ပြီးခဲ့တဲ့ နှစ်ထဲမှာ ကျွန်တော်အမုန်းခံပြီးစတေးတပ်တစ်ခု တင်လိုက်ပါသေးတယ်. . 

တချို့လဲကြိုက်ပြီး တချို့လဲ အင်မတန် မုန်းကြတယ်ပေါ့ဗျာ . .
ကျွန်တော့ အတွက်တော့ ဒီကျောင်းသားအရွယ်ကလေးတွေဟာ ညီငယ် ညီမငယ်တွေဘဲ. .ကမ္ဘာ ကြီးကို ကျွန်တော်တို့ရွှေ့နိူင်တယ်ထင်လို့ ကျွန်တော်တို့ ကိုယ်တိုင် အမှားကြီးမှားခဲ့တဲ့လမ်းကို သူတို့ကို ဆက်မလျှောက်မိစေရဘူး. .အမုန်းခံ သတိပေးရမှာဘဲ. . ဒီအတွက်လိပ်ပြာသန့်တယ်.. .အခုလို တစ်နှစ်နီးပါး ဘဝတက္ကသိုလ်ထဲ ရောက်သွားတော့ အားလုံးရင်နာရုံက လွဲပီး ဘာမှ မဖြစ်နိူင်တော့ဘူး

ကျွန်တော်ကလေးတွေကိုသတိပေးခဲ့တဲ့ စတေးတပ်ကလေးကိုသတိရလို့ ပြန်ထည့်ပေးလိုက်ပါတယ်. .
{အခု နိူင်ငံရေး လား ကျောင်းသားရေးလား ဘာမှန်း မသိဘူး လုပ်နေတဲ့ ကလေး တွေ ကို သတိ တော့ပေးချင်တယ်. . အခု အချိန်ဟာ တိုင်းပြည် အပြောင်းအလဲ အတွက် သိပ် အရေးပါနေ တဲ့ အချိန် ဆိုတာ နည်းနည်းတော့ သတိလေး ဘာလေး ထား ကြ အုံး ကိုယ့်ညီတို့. . ကိုယ့်ကို အာရုံစိုက်စေချင်တာနဲ့ . . ဘွားတော် နားရွက် သွား ပြီး တံတွေး ဆွတ်တာတို့ ဘာတို့ က ဆိုး လှ သကွယ်. . . . တတိုင်းပြည်လုံး အုံ ကြွ အောင် လုပ်ပစ်လိုက်မယ် တို့ ဘာတို့ ဆို တာ ပြောတာ တော့ နားထောင် လို့ ကောင်းပါ တယ်..ဒါပေမယ့် . အလကားနေရင်း တော် လှန်ရေး လုပ်ချင်နေ တာ မျိုး ကတော့ သိပ် မဟုတ်သေးဘူးကွာ. . . ခေတ်တွေလဲ ပြောင်းနေ ပြီ. . အခု အချိန် က စားပွဲ ပေါ် မှာ. . တရားဝင် ရင်ဆိုင်ပြီး စကားပြော ရမယ့် အချိန် ရောက်နေ ပြီ မဟုတ်လား . တိုင်းပြည် ပြောင်းလဲ လာလို့ ငါ့ ညီ တို့တောင် တရားဝင် ပုံစံ နဲ့ အစည်းအဝေးတွေ ဘာတွေ လုပ်နေ ကြ ပြီ မဟုတ်လား. .တရားဝင် အော်ခွင့် တောင် ရှိ လာ ကြ တယ် လေ . လက်ပတန်း မှာ ကျောင်း သားတစ်ယောက် မှ မသေ ခဲ့ ဘူး လေ.(ဒီအစိုးရ ကောင်းတယ်လို့ ပြောနေ တာ မဟုတ် ဘူးနော် . ပြောင်းလဲလာခြင်းကိုပြောတာ) ..အရင်လိုသာဆို ခက်. . ခက်ရချချေရဲ့ ကျောင်းသားအလောင်းတွေ ထပ် ပြီး . . ကိုယ့် သားသမီး သေလို့သေမှန်းမသိ. . အလောင်းတောင် ပြန်မရ. . ဘယ်လိုက်လို့ လိုက်ရမှန်း မသိ. . ရေကြည်အိုင် လိုလို. . . အင်းစိန် လိုလို နဲ့. . . မိဘ နဲ့ သားသမီးတွေ သေကွဲ လိုလို ရှင်ကွဲ လိုလို တွေ. . ကိုယ့် ညီတို့ သိထားရမှာက တိုင်းပြည်ကို ၈၈ လို ပြန် ဖြစ် စရာ မလို တော့ ဘူး. ပြန်ဖြစ်လို့ မရတော့ဘူး. မဖြစ်အောင် သတိထား ပြီးအချင်းချင်း ထိန်းရမယ့် အချိန် ဆို တာကို နည်းနည်းတော့ သတိ ချပ်စေချင် တယ်.. . တိုင်းပြည်လဲ စုတ်ပြတ်နေပြီ . ငါ့ညီတို့ တောခို ချင်ရင်တောင် . . ခိုစရာတော မရှိတော့ ဘူးဆိုတာ သတိလေး ဘာလေး ထားအုံး. . စိတ်တော့ မဆိုးကြနဲ့ . ရွေးကောက်ပွဲ နီး ကာ မှ ကပ်ပြီး . . ထအော်နေတဲ့ ငါ့ ညီ တို့ ကို ပါ နည်းနည်း သံသယ ဝင် လာတယ်. . တကယ်ပြောတာနော် . . ရွေးကောက်ပွဲ ပြီး မှ ကျောင်းသားအရေး တောင်းဆိုလဲ အချိန်မနှောင်းသေး ပါဘူးကွာ. .နှစ်ပေါင်းများစွာ စောင့်ခဲ့ ပြီးမှ ၅ လလောက် ထပ်စောင့် ရတာ ဘာမှ ဖြစ်မသွား ပါဘူး. . အရမ်း သမိုင်း ဝင်ချင်နေတာ မျိုး ဆို ရင်တော့ . လောလောဆည်. သမိုင်း စာ အုပ် ထဲ မှာ . ကိုယ့် နာမည် သွား ရေး စေ ချင် ပါတယ်. အကြံပေးတာပါ. . ခဏ စောင့် ကြ ပါ ငါ့ ညီ တို့ ရေ. . အခု အထဲ မှာ ရောက် နေတဲ့ ကလေးတွေ အတွက် စိတ် ဆင်းရဲ ပြီး ဇာတ်နာ နေရ တာ က မပြီး သေးဘူးကွာ. . . နောက်ထပ် ဇာတ်လမ်းတစ်မျိုး မကြားပါရစေနဲ့ အုံး. . တောင်းပန်တာပါ. . ဘာမှ မဖြစ် ရင် ဘာမှ မဖြစ် ပါ ဘူး . . တစ်ခုခု ဖြစ် သွား ရင် ငါတို့ လဲ ရင်နာ ရမှာ မို့ ပါ. . . 

အခု အချိန်မှာ ရွေးကောက်ပွဲ သမာသမတ် ရှိ တယ် မရှိ ဘူးဆိုတာ ကို စောင့် ကြည့်နေရမယ့် အချိန်ပါ. . အခြား အာရုံ ထွေပြားမူ့တွေ ကို မလုပ်စေချင်ပါဘူး. . ကိုယ့် ညီတို့ နားလည်လောက်မယ် ထင်ပါရဲ့
ဒီစာ ကိုရေးရင်းနဲ့ ထောင်နံ ရံ တွေ မှာ ရေး ထားတတ်တဲ့ စာတန်း လေးတစ်ခု ကို သွား သတိ ရတယ်. . 
ကိုယ်ဖြစ် ကိုယ် ခံ ဘုရားထံ ဆု မပန် နဲ့. . ငါ. .ဘုရား အချဉ် မဟုတ်. . တဲ့

ဆရာမြိုင်]
ဒါ ကျွန်တော်ရေးထားခဲ့တဲ့စတေးတပ်ပါ. .တချို့က လဲ ကျွန်တော့ကို သွေးကြောင်သူ သတ္တိ နည်းသူလို့ သမုတ်ကြပါတယ်. . ငါတို့တော်လှန်ရေးကိုပျက်ရယ်ပြုနေသူဆိုပြီး အတော် အဆဲခံလိုက်ရပါသေးတယ် 
အခုလို နိူင်ငံရေးအခြေအနေတွေကလဲ . . ယိုင်ထိုးယိုင်ထိုး နဲ့ စိတ်မချ ရတဲ့ အချိန် မှာ တိုင်းပြည်ရဲ့ အနာဂတ် ကျောင်းသား ကလေးငယ်များရဲ့ ရပ်တည်မှူ့ လှူပ်ရှားမှူ့နဲ့ခွန်အားဟာ အင်မတန် အရေးကြီးလှပါတယ်. .
 မလိုအပ်တဲ့ အားစိုက်ထုတ်မှူ့တွေ . မလိုအပ်တဲ့ တော်လှန်ရေး တွေဟာ ခုချိန်မှာ အပြုထက် အပျက်ဘက်ကိုရောက်သွားနိူင်တယ် ရောက်သွားခဲ့တယ် ဆိုရင် နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ကြပြီးမျှော်လင့်နေခဲ့ကြရတဲ့ တိုင်းပြည်ရဲ့ အနာဂတ် လမ်းဟာပြန်ပြီး ပျောက်ဆုံးသွားမှာပါဘဲ.   
ဒါကြောင့် ကျွန်တော့ ညီငယ် ညီမငယ်များ . ကို အထူးမှာကြားလိုတာက. . ဆရာဦးအောင်သင်း ပြောခဲ့တဲ့ စကားလေးဟာ အင်မတန် တန်ဖိုးရှိလှပါတယ်.သတိပြုမိကြပါစေ . လိုက်နာကျင့်ကြံနိူင်ကြပါစေ .

 ပင်ကိုဉာဏ်ကိုသုံးရင်း. . ပကတိအခြေ နေတွေကို မြင်ရအောင် အလင်္ကာ တွေကို ဖြုတ်ကြည့်နိူင်ကြပါစေလို့. ဆုတောင်းရင်း ကျွန်တော့ရဲ့ ညီငယ် ညီမငယ်များကို စကားလက်ဆောင်ပါး သတိပေးနိူးဆော် လိုက်ပါရစေခင်ဗျား. . 
အကယ်၍တစုံတယောက်က တိုင်းပြည်အနာဂတ်က ဘာဖြစ်မလဲ ခင်ဗျားကရော ဘယ်လောက်သိလို့ ဆရာကြီးလာလုပ်နေတာ လဲ လို့ ခုချိန်မေးလာရင်တော့. .. 
 ဟုတ်ကဲ့ ဘာဖြစ်မယ်မှန်းကို မသိပါဘူး ခင်ဗျား လို့ ဘဲ အဖြေပေးလိုက်ပါရစေ. .  

လောလောဆယ်တော့ ကျွန်တော်တစ်ဦးထဲ စကားလုံးတွေ အလင်္ကာ တွေ ကို ဖြုတ်ကြည့် ပြီး ပကတိ အခြေနေမှန်ကို စူးစမ်းစောင့်ကြည့်ရင်း ငြိမ်ငြိမ်လေးနေ နေပါတယ်လို့ဘဲ ဖြေလိုက်ပါရစေခင်ဗျား . 
ဆက်ပါအုန်းမည်

ဆရာမြိုင်

(ပြီးမှ အက်ဒစ်ပါရစေ)