ooredoo call-forward

Call Forwarding ဆိုတာ ဘာလည်း။

မိတ်ဆွေထံခေါ်ဆိုသည့်အဝင်ဖုန်းများကို မိတ်ဆွေက ရွေးချယ်သတ်မှတ်ထားသည့် အခြားနံပါတ် တစ်ခုသို့လွှဲပေးနိုင်သည့်ဝန်ဆောင်မှုဖြစ်ပါသည်။

ဤဝန်ဆောင်မှုကို အဝင်ဖုန်းအားလုံးအတွက် ရွေးချယ်အသုံးပြုလိုရင် ဘယ်လိုလုပ်ရမလည်း?
အဝင်ဖုန်းအားလုံးအတွက်ရွေးချယ်အသုံးပြုလိုပါက အောက်ပါအဆင့်များအတိုင်းပြုလုပ်ပါ။မိတ်ဆွေ၏ဖုန်းပိတ်ထားသည်ဖြစ်စေ၊ ဖွင့်ထားသည်ဖြစ်စေ ၊ မအားလျင််ဖြစ်စေ အဝင်ဖုန်းအားလုံးကို လွှဲပြောင်းပေးပါမည်။

စတင်ရယူအသုံးပြုခြင်း –*21* နံပါတ် # သို့ဆက်ပါ။
ရပ်ဆိုင်းခြင်း –#21*# သို့ဆက်ပါ။
အခြေအနေ စစ်ဆေးခြင်း –*#21*# သို့ဆက်ပါ။
(သို့မဟုတ်)

စတင်ရယူအသုံးပြုခြင်း ၊ ရပ်ဆိုင်းခြင်း ၊ ပြန်လည် ရယူအသုံးပြုခြင်း ၊ အခြေအနေ စစ်ဆေးခြင်း အားလုံးကို မိတ်ဆွေ၏ ဟန်းဆက် Menu တွင် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

သတိပြုရန်– ဤဝန်ဆောင်မှုကို အဝင်ဖုန်းအားလုံးအတွက်ရွေးချယ်အသုံးပြုထားပါက အသံဖြင့်အမှာစကားပေးခြင်း၊လွဲသွားသောခေါ်ဆိုမှုများအတွက်သတိပေးချက်၊ ဖုန်းခေါ်၍ရပြီဖြစ်ကြောင်းအသိပေးချက်ဝန်ဆောင်မှုများကိုအသုံးပြု၍မရပါ။ ဤဝန်ဆောင်မှုကိုရပ်ဆိုင်းခြင်းပြုလိုက်သည်နှင့်အဆိုပါ ဝန်ဆောင်မှုများ အလိုအလျောက် ပြန်လည်ရရှိပါမည်။

ဖုန်းပြောနေစဉ်(Busy)တပြိုင်နက်ထဲမှာ အဝင်ဖုန်းခေါ်ဆိုမှုကိုအခြားနံပါတ်သို့လွှဲပေးခြင်း ဘယ်လိုစလုပ်လို့ရမလည်း?
ဖုန်းပြောနေစဉ်အဝင်ဖုန်းခေါ်ဆိုမှုကိုအခြားနံပါတ်သို့ လွှဲပေးခြင်းပြုလုပ်ရန်အောက်ပါအတိုင်းဆောင်ရွက်ပါ။

သတိပြုရန်– ခေါ်ဆိုမှု ခေတ္တကိုင်ထားစေခြင်း ဝန်ဆောင်မှုကို ရပ်ဆိုင်းထားရပါမည်။

စတင်ရယူအသုံးပြုခြင်း — *67*နံပါတ်# သို့ဆက်ပါ။
ရပ်ဆိုင်းခြင်း – – #67*# သို့ဆက်ပါ။
အခြေအနေ စစ်ဆေးခြင်း — *#67*# သို့ဆက်ပါ။
(သို့မဟုတ်)

စတင်ရယူအသုံးပြုခြင်း ၊ ရပ်ဆိုင်းခြင်း ၊ ပြန်လည် ရယူအသုံးပြုခြင်း ၊ အခြေအနေ စစ်ဆေးခြင်း အားလုံးကို မိတ်ဆွေ၏ ဟန်းဆက် Menu တွင် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

သတိပြုရန်– ဤဝန်ဆောင်မှုကို ဖုန်းပြောနေစဉ်(Busy)မှာတပြိုင်ထဲ အသုံးပြုထားပါက ခေါ်ဆိုမှုခေတ္တကိုင်ထားစေခြင်းဝန်ဆောင်မှုကိုအသုံးပြု၍မရပါ။ ဤဝန်ဆောင်မှုကိုရပ်ဆိုင်းခြင်းပြုလိုက်သည်နှင့်အဆိုပါ ဝန်ဆောင်မှု(ခေါ်ဆိုမှုခေတ္တကိုင်ထားစေခြင်း) ကို အလိုအလျောက် ပြန်လည်ရရှိပါမည်။

အဝင်ဖုန်းတွေကိုမဖြေပဲနဲ့ဤဝန်ဆောင်မှုကိုရွေးချယ်အသုံးပြုလိုရင် ဘယ်လိုလုပ်ရမလည်း?
အဝင်ဖုန်းတွေကိုမဖြေပဲနဲ့ဤဝန်ဆောင်မှုကိုရွေးချယ်အသုံးပြုလိုပါက အောက်ပါအတိုင်းဆောင်ရွက်ပါ။

စတင်ရယူအသုံးပြုခြင်း — *61* နံပါတ် # သို့ဆက်ပါ။
ရပ်ဆိုင်းခြင်း — #61*# သို့ဆက်ပါ။
အခြေအနေ စစ်ဆေးခြင်း — *#61*# သို့ဆက်ပါ။
(သို့မဟုတ်)

စတင်ရယူအသုံးပြုခြင်း ၊ ရပ်ဆိုင်းခြင်း ၊ ပြန်လည် ရယူအသုံးပြုခြင်း ၊ အခြေအနေ စစ်ဆေးခြင်း အားလုံးကို မိတ်ဆွေ၏ ဟန်းဆက် Menu တွင် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

ဖုန်းပိတ်ထားစဉ်၊ သို့မဟုတ် ဆက်သွယ်မှုဧရိယာပြင်ပရောက်နေချိန်တွင် ဤဝန်ဆောင်မှုကို ရွေးချယ်အသုံးပြုလိုရင် ဘယ်လိုလုပ်ရမလည်း ?
မိတ်ဆွေ၏ ဖုန်းပိတ်ထားစဉ် ၊ သို့မဟုတ် ဆက်သွယ်မှုဧရိယာပြင်ပရောက်နေချိန်တွင် ဤ ဝန်ဆောင်မှုကို စတင်အသုံးပြုလိုပါက

စတင်ရယူအသုံးပြုခြင်း –*62* နံပါတ် # သို့ဆက်ပါ။
ရပ်ဆိုင်းခြင်း — #62*# သို့ဆက်ပါ။
အခြေအနေ စစ်ဆေးခြင်း — *#62*# သို့ဆက်ပါ။
(သို့မဟုတ်)

စတင်ရယူအသုံးပြုခြင်း ၊ ရပ်ဆိုင်းခြင်း ၊ ပြန်လည် ရယူအသုံးပြုခြင်း ၊ အခြေအနေ စစ်ဆေးခြင်း အားလုံးကို မိတ်ဆွေ၏ ဟန်းဆက် Menu တွင် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

သတိပြုရန်– ဤဝန်ဆောင်မှုကိုဆက်သွယ်မှုဧရိယာပြင်ပရောက်နေစဉ်ရွေးချယ်အသုံးပြုထားပါက

လွဲသွားသောခေါ်ဆိုမှုများအတွက်သတိပေးချက်နှင့်ဖုန်းခေါ်၍ရပြီဖြစ်ကြောင်း

အသိပေးချက်ဝန်ဆောင်မှုများကိုအသုံးပြု၍မရပါ။ ဤဝန်ဆောင်မှုကိုရပ်ဆိုင်းခြင်းပြုလိုက်သည်နှင့်အဆိုပါ ဝန်ဆောင်မှုများ အလိုအလျောက် ပြန်လည်ရရှိပါမည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s